ချင်းဖိုက်တာလေး ဂျော့ရှူအာဗန် ကတော့ ထုံးစံအတိုင်း Short Notice နဲ့ လူစားဝင် ထိုးပေးဖို့ လက်ခံလိုက်ပါပြီ။
မူလ က စက်တင်ဘာ 15 ရက်နေ့မှာ ကျင်းပမယ့် UFC 306 ပြိုင်ပွဲအတွက် ကယ်ဗင် ဘော်ဟာ နဲ့ အက်ဂါ ချိုင်ရက်ဇ် တို့ ထိုးဖို့ စီစဉ်ထားတာပါ။ ဗန် ရဲ့ ပြိုင်ဘက်ဟောင်း ကယ်ဗင် ဘော်ဟာ က နှုတ်ထွက်သွားလို့ ၊ ချင်းဖိုက်တာလေးက အဲဒီနေရာကို အစားဝင်ထိုးပေးဖို့ လက်ခံလိုက်ပါတယ်။
ဒါ့ကြောင့် မက္ကဆီကို လွတ်လပ်ရေးနေ့ အထိမ်းမှတ်ဖြစ် ကျင်းပမယ့် UFC 306 ပြိုင်ပွဲမှာ ဂျော့ရှူအာဗန် vs. အက်ဂါ ချိုင်ရက်ဇ် ပွဲကို ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲက ကမ္ဘာပေါ်မှာ ခေတ်မှီဆန်းသစ်ဆုံး နည်းပညာ ဒီဇိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ Sphere ကွင်းကြီးထဲမှာ ကျင်းပမှာပါ။ အဲဒီကွင်းထဲမှာ ထိုးခွင့်ရချင်တဲ့ ကမ္ဘာကျော် ဖိုက်တာတွေ ငမ်းငမ်းကို တက်နေတာပါပဲ။
ဗန် ကတော့ ထင်မှတ် မထားပဲနဲ့ အခွင့်ရေး ရပြန်ပါပြီ။
Madison Square Garden ကွင်းကြီးထဲမှာ ထိုးခွင့်ရတဲ့ ပထမဆုံး မြန်မာပြည်ဖွား ဖိုက်တာ ဖြစ်ခဲ့သလို ၊ အခုလဲ Sphere ကွင်းထဲမှာ ထိုးခွင့်ရတော့မယ့် ပထမဆုံး မြန်မာပြည်ဖွား ဖိုက်တာ ဖြစ်လာဦးမှာပါ။