မေး – ဒီပွဲ ကမ်းလှမ်းတော့ ၊ ခင်ဗျား ဘက်က ချက်ခြင်း လက်ခံခဲ့တာလား?
ဖြေ – သူ နဲ့ ONE Championship တို့ စာချုပ် ပြန်ချုပ်လိုက် ကတည်းက ၊ ကျနော်တို့ နှစ်ယောက် ထိပ်တိုက်တွေ့တော့မယ် ဆိုတာ ကြိုသိနေခဲ့ပါတယ်။ ဒါက ရှောင်လွှဲလို့ မရပါဘူး။ အဲဒီတော့ တရားဝင် ကမ်းလှမ်းမှု စာချုပ် ရရှိလာတာနဲ့ ဘာတွေမှ စဉ်းစားမနေပဲကို လက်မှတ်ထိုးပေးလိုက်ပါတယ်။
မေး – အောင်လ ကို ဘာလို့ Instagram မှာ နာမည်တပ်ပြီး စိန်ခေါ်ခဲ့တာလဲ။ ဘာကြောင့် သူ့နာမည်မှ ရွေးခဲ့ရတာလဲ?
ဖြေ – သူက ဂန္တဝင် ဖိုက်တာ တစ်ယောက် ဖြစ်သလို ၊ အကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ။ အကောင်းဆုံး အချိန်က ချန်ပီယံ ခါးပတ် ၂ ခု ထိတောင် သိမ်းပိုက်ခဲ့ပါတယ်။
ကျနော့် မျှော်လင့်ထားတာက သူ့ကိုသာ အနိုင်ရလိုက်မယ် ဆိုရင် ချန်ပီယံ ခါးပတ် စိန်ခေါ်ခွင့် လမ်းကြောင်းက တန်းပြီး ပွင့်သွားမယ်လို့ မြင်မိလို့ စိန်ခေါ်ခဲ့တာပါ။
မေး – သူ့ရဲ့ အားနည်းချက် ၊ အားသာချက်လေး သုံးသပ်ပေးပါဦး ။ အဲဒီ အပေါ်ရော ဘယ်လို ကစားဖို့ ပြင်ဆင်ထားပါသလဲ?
ဖြေ – Striking နည်းစနစ်ပိုင်းမှာတော့ ကောင်းပါတယ်။ သူရဲကောင်း တစ်ယောက်ရဲ့ စရိုတ် လက္ခဏာမျိုးလဲ ပိုင်ဆိုင်ထားသူပါ။ ကျနော်ကလဲ အဲဒီလို ပြိုင်ဘက်မျိုးနဲ့ ထိုးချင်တာလေ။
သူ့ရဲ့ အားနည်းချက်ကတော့ Wrestling ပိုင်းပါပဲ။ ပြီးတော့ ကိုယ့်ရဲ့ Striking ကလဲ သူ့ထက် မနိမ့်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် ဒီလို ပြိုင်ဘက်မျိုးကို ရင်ဆိုင်ပြီး ကိုယ့်ရဲ့ Striking စွမ်းဆောင်ရည်ကို စမ်းသပ်ခွင့်ရတာ စိတ်ဝင်စားစရာပါ။
မေး – အောင်လ က ပြင်ဆင်လာမယ့် Wrestling Defense နဲ့ ပတ်သက်ပြီးရော ဘယ်လို မြင်မိလဲ?
ဖြေ – သူ့ အနေနဲ့ ကျနော့် ရဲ့ တိုက်စစ်ဖွင့် လာမယ့် အကွက်တွေကို ခုခံဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်က Wrestling နဲ့ ပတ်သက်လာရင် လုံး၀ Different Level တစ်ခုပါ။ အဲဒီတော့ သူ့အနေနဲ့ ရေကုန်ရေခမ်း ကစားဖို့အထိ မှန်းပြီးကို ပြင်ဆင်ထားသင့်ပါတယ်။
ကျေးဇူးတင်ပါတယ်