” ငါတို့ အားကစားသမားတွေဟာ အသက်နဲ့လည်းဆိုင်တယ်ကွာ။အသက်က ၃၆ ကျော်သွားရင် လုံးဝ မကောင်းတော့ဘူး။ငါ့တုန်းကတော့ ၃၆ ထိပဲကောင်းတယ်။ကျော်သွားရင် လုံးဝ မရတော့ဘူး။ စိတ်ပဲရှိတယ်, သူများကို ထိုးလို့ရတယ်,ကန်လို့ရတယ်, လိုက်လို့ရတယ်, သူများကကိုယ့်ပြန်ချ_ရင် ကိုယ်ကမောနေရော။
အဓိက က အားကစားသမားဟာ သ_က်လုံပဲ၊အောင်လကတော့ ပိုဆိုးတာပေါ့ ငါတို့တုန်းကတော့ ဘာမှမဖြစ်ဘူး၊ သူက ကိုဗစ်ဖြစ်သွားတော့ အဆုပ်ကိုထိထားတာပေါ့နော်။
တဖက်ကဝိတ်လည်းကြီးလောက်မယ်၊ အရပ်ကလည်းပိုရှည်တယ် ကွာတော့ကွာတာပေါ့နော်။
နည်းပြတစ်ယောက်အနေနဲ့ ကောင်းကောင်းမွန်မွန်လေးပြန်လုပ်မယ်ဆိုရင်တော့ကောင်းတာပေါ့နော်။ MMA လိုင်းဘက်ပေါ့။ မြန်မာ့ရိုးရာကတဖွဲ့ထား သူလည်း MMA လုပ်ရင် မြန်မာ့ရိုးရာဘက်ကကောင်းတာလေးတွေနဲ့တွဲသင်ပေါ့နော်။ မဆိုးပါဘူး နည်းပြလိုင်းဆို ပိုကောင်းတာပေါ့။
ကျွန်တော်လည်း နားသွားတဲ့အချိန်မှာ နည်းပြလိုင်းပဲရောက်သွားတာပဲလေ။”
အားကစားစိတ်ဓာတ်ကတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစား၊ အရှုံးအနိုင် နှစ်ခုပဲရှိတယ်။ဒီပွဲမှာနိုင်ရင် ကိုယ့်ကိုကိုယ်မမြောက်သွားနဲ့၊ ရှုံးသွားလည်း စိတ်ဓာတ်မကျနဲ့၊ ဒိထက် ထရိန်နင်လုပ်ပြီးကြိုးစားကြည့်၊ တနေ့အောင်မြင်သွားမှာပေါ့။ ပွဲမရှိလည်း ပုံမှန်လေ့ကျင့်နေရတယ်၊ ပွဲရှိလည်း လေ့ကျင့်ရတာပဲ။ပွဲရှိရင် နည်းနည်းလေး ပိုတင်သင့်ရင်တင်ရတယ်၊ငါတို့တုန်းကဆိုရင် ငါတို့ပွဲကိုပြန်ကြည့်ဖို့ တစ်လလောက်စောင့်ရတယ်။အဲဒါမှခွေနဲ့ကြည့်ရတာ။ငါတို့တုန်းက K1 ပဲရှိတာ One မရှိသေးဘူး၊ ရှိရင်လည်းရှိမှာပေါ့လေ မသိတာနေမှာပါ။K1 ကိုငါတို့မဝင်နိုင်ခဲ့ဘူး။
အဆက်သွယ်လည်းပါတာပေါ့၊ ခုဆိုရင် မြန်မာ့ရိုးရာကလေးတွေ ONE ကိုဝင်ကစားနေကြပြီ၊ ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ။သူတို့လေးတွေထိုးတယ် ငါတို့က TV နဲ့ ဒီကနေထိုင်ပြီးအားပေးနေတယ်။ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ အောင်မြင်လာတဲ့အတွက် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာရမယ်။ဒို့ ကလေးတွေကို အားပေးရမယ်။ကျွန်တော်ကတော့ ဝမ်းသာတယ် ကလေးတွေပိုက်ဆံလည်းပိုရတယ်။ကလေးတွေကိုကြိုးစားစေချင်တယ်။”
လုံးချော🗣️
(မြန်မာ့ရိုရာလက်ဝှေ့ချန်ပီယံဟောင်း)