မေး – မာလီကင် ကတော့ အောင်လ နဲ့ သူငယ်ချင်းတွေမို့ ထိပ်တိုက် မတွေ့ချင်ဘူးပြောထားတယ် ၊ အဲဒီလို ပြောတုန်းက ပြန်ကြားမိခဲ့လား ၊ အောင်လ ကရော အဲဒီလိုပဲ စိတ်ထဲမှာ ဖြစ်သလား?

ဖြေ – ဒီလိုလေး ပွင့်ပွင့်လင်းလင်း ပြောကြည့်ရအောင်ပါ။ ကျနော်က မစ်ဒယ်ဝိတ်တန်းမှာ ကစားနေတာပါ။ ရည်မှန်းချက်ကလဲ ဒီဝိတ်တန်းမှာ တစ်နေ့ ချန်ပီယံ ပြန်ဖြစ်ဖို့ အတွက်လေ။

ဘယ်သူမှတော့ ကိုယ့် သူငယ်ချင်းနဲ့ကို ပြန်ပြီး ပွဲ မထိုးချင်ပါဘူး။ အခြေနေ အခင်းကျင်းကလဲ ဘယ်လိုတွေ ပြောင်းလာမလဲ မသိပါဘူး။

ပရိုမိုးရှင်းက ဒီပွဲမျိုး ဖြစ်ဖို့ လိုအပ်လာတယ် ဆိုရင် ၊ ဖြစ်ကို ဖြစ်လာမှာပါ။ ကျနော့် ဘက်ကတော့ ဒီပွဲ မဖြစ်မနေ ဖြစ်ရမယ် ဆိုတာမျိုး တွန်းအားပေးတာမျိုး မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ပန်းတိုင်က ချန်ပီယံ ခါးပတ် ပြန်ပြီး သိမ်းပိုက်ဖို့ပါ။

ခေါင်းထဲမှာတော့ ရှမီးလ် က လွဲပြီး ဘယ်သူမှ မရှိပါဘူး။ ရှမီးလ် ကို ကျော်ပြီးတော့လဲ ဘယ်သူ့မှ လှမ်းကြည့် မထားပါဘူး။ အဲဒီလို လုပ်ဖို့လဲ လျော်ကန်မှု မရှိဘူးလေ။ ဒါ့ကြောင့် ဖြစ်လာနိုင်ချေ အလားလာ နည်းသေးတဲ့ အကြောင်းရင်းတွေကို အကျယ်ချဲ့ပြီး ပြောချင်စိတ် မရှိပါဘူး။