“ ကျွန်တော်တို့ ကြိုးစားထားပါတယ်။ ဘယ်လောက်ထိကြိုးစားလဲဆိုရင် ဆေးတွေတောင်ထိုးယူရပါတယ်။ အူထိုင်း တုန်းက ကျွန်တော် ပထမဦးဆုံး တစ်ချက် ကန်လိုက်ကတည်းက ပြီးပြီလို့ထင်တာ၊ ဒါပေမယ့် မပြီးဘူးဗျ, သူကလည်း ကျွန်တော် ထင်ထားတာထက်တောင် မာသေးတယ်။ အမှန်ဆို ပထမတစ်ချက်ကတည်း ကျွန်တော်အပြီးကန်တာ။မပြီးလိုက်ဘူး။
စိတ်လှုပ်ရှားတာမျိုးတော့ မရှိဘူးဗျ၊ ကန်ပြီးတော့ မာလှချည်လားပေါ့။ခြေထောက်နဲ့ကန်ပြီးတော့လက်သီးနဲ့လိုက်တာပေါ့။
ပရိတ်သတ်တွေရဲ့အားက ရာခိုင်နှုန်းအများကြီးပါတယ်။ထရိန်နင်ဆင်းထားတာက နည်းနည်းပေါ့။ပရိတ်သတ်တွေရဲ့အားကပိုများတယ်။သူတို့အားပေးမှုကောင်းလို့ ကျွန်တော်နိုင်တာပါ။
Bonus လေးရရင်တော့ အဖေအမေကို အိမ်လေးတော့ဆောက်ပေးချင်သားဗျ… ပြီးခဲ့တဲ့တခေါက်မရတော့လည်း ဒီတခေါက်ပေါ့။(ရယ်လျှက်)
သန့်ဇင်
ပြိုင်ပွဲအတွက်ကို ပြင်ဆင်ထားတယ်။ ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကို ကျွန်တော်တို့ လေးစားတယ်။သူလည်း သူ့အနေအထားအလျာက် အရမ်းမာတဲ့ကစားသမားတစ်ယောက်ဆိုတော့ လေးစားမှုနဲ့ယှဉ်ပြိုင်မယ်။
အူထိုင်းနဲ့ပွဲကဘယ်လောက်လေ့ကျင့်လဲဆိုရင် ညီအစ်ကိုနှစ်ယောက်ဆေးပါထိုးယူရတယ်။စင်ပေါ်ရောက်တော့လည်း အောက်မှာလုပ်တဲ့အတိုင်း လုပ်နိုင်ခဲ့တယ်။ ကြိုးစားမှုအရာထင်တယ်ပေါ့။ နောက်တစ်ခုက ကျွန်တော့်ညီကို ကျွန်တော်ကို ချန်ပီယံတစ်ယောက်ဖြစ်စေချင်တာဆိုတော့ အဲဒိစိတ်ကိုရအောင် ကျွန်တော်ကသွင်းရတာပေါ့နော်။ချန်ပီယံတစ်ယောက်ဖြစ်ချင်ရင် ချန်ပီယံတစ်ယောက် စွမ်းဆောင်ရည်မျိုးရှိရမယ်ပေါ့။
အဲဒိစိတ်နဲ့ ကျွန်တော်တို့ ကြိုးစားထားပါတယ်။
ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လက်ဝှေ့ထိုးတယ်ဆိုတာလည်း အဖေနဲ့အမေကို ကောင်းကောင်းမွန်မွန်လေးထားချင်တယ်။ဒါကတော့ အဓိကအချက်ပေါ့။
ထွန်လွင်မိုး