ပြောင်းလဲဖို့လိုတယ်
” မန်ချက်စတာ ယူနိုက်တက် အနေနဲ့ လက်ရှိ အသင်းကို ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် အချိန်ပေးရပါလိမ့်မယ် ။
သူတို့ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်းအဖြစ် ရှိနေသေးတုန်းပဲလေ ။ ဒါပေမဲ့ သူတို့ ပြောင်းလဲဖို့ လိုနေပါတယ် “
” ဒါကို သူတို့ နားလည်ကြပါတယ် ။ ဒါက တစ်ခုတည်းသော နည်းလမ်းပါ ။ ဒါ့ကြောင့်လည်း သူတို့တွေ စတင်ပြီး ပြောင်းလဲလာကြတာပါ ။
အသင်းရဲ့ ဖွဲ့စည်း တည််ဆောက်ပုံ ၊ ဥက္ကဌ ၊ အခြေခံအုတ်မြစ် နဲ့ အရာရာတိုင်းပေါ့ “
” အသင်းပိုင်ရှင်တွေကလည်း လေ့ကျင့်ရေး အစီအစဥ်ပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံနေကြပါပြီ ။ အချို့အရာတွေ ပြောင်းလဲလာတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ် “
” ဒါတွေဖြစ်လာတဲ့ နည်းလမ်းအတွက်တော့ ကျွန်တော် မပျော်ရွှင်မိပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့ ဘဝရဲ့
အချို့အရာတွေ ကျွန်တော်တို့ စိတ်ကြိုက် ထိန်းချုပ်လို့ မရနိုင်ဘူးလေ ။ ပြီးတာတွေက ပြီးခဲ့ပါပြီ “
ခရစ္စတီယာနို ရော်နယ်ဒို