အသက် ၃၃ နှစ် , အတွေ့အကြုံရင့်တဲ့ ဖိုက်တာတစ်ယောက်ဆိုလည်း မမှားပါဘူး။ စူပါလက်နဲ့တောင် သူက ရင်ဆိုင်ဖူးသူပါ။
သူ့မှတ်တမ်းကိုကြည့်လိုက်တော့ ၄၇ ပွဲမှာ ၄၃ ပွဲ အနိုင်ရထားပါတယ်။ ၄၇ ပွဲဆိုတဲ့အတွေ့အကြုံဆိုတာ နည်းနည်းနောနော အတွေ့အကြုံတော့မဟုတ်ဘူး။ သူ့ကစားဟန်ကြည့်ပြန်တော့လည်း ခေသူတော့ မဟုတ်။
သူ့ရဲ့ တစ်ပွဲထိုးကြေးဟာ ဒေါ်လာ သိန်းချီရနေတဲ့ ဖိုက်တာပါ။
လက်သီးတွေ၊ တွဲလုံးတွေက အရမ်းမြန်တယ်။ခြေကန်ချက်တွေမှာတော့ သာမန်လောက်ပါပဲ။
ဒါပေမယ့် သူဟာ khan နိုင်ရည်တော့အတော်ရှိပါတယ်။
သန့်ဇင် အတွက် နောက်တစ်ဆင့်တတ်ဖို့ စိန်ခေါ်မှုတစ်ခုပါပဲ။ သန့်ဇင်ဟာ ငယ်ရွယ်တယ်၊မာကျောတယ်၊ ထိုးချက် ထက် ကန်ချက်ကတော့ ပြီးခဲ့တဲ့ အူထိုင်းနဲ့ပွဲကို ကြည့်ရင် သိနိုင်ပါတယ်။
တာကေးရု ကိုတော့ လျှော့မတွက်စေလိုပါ။ တာကေးရုဟာ စူပါလက်နဲ့ကအတွေ့အကြုံတွေယူကြီး ဒီပွဲကို အေ_သအချာ ပြင်ဆင်လာမှာ မလွဲဧကန်ပဲ။ သန့်ဇင်ရဲ့အစ်ကို ကိုထွန်းလွင်မိုးလည်း ဒီပွဲအတွက် သူ့ရဲ့Kickboxing အတွေ့အကြုံကို ရှယ်သင်နေပါလိမ့်မယ်။
သန့်ဇင်အတွက် ကျွန်တော်တို့ မြန်မာပရိသ_တ်တွေ ဟာ အဆင်သင့် အားလုံးရှိနေပါလိမ့်မယ်။
ကျုပ်တို့ One ချန်ပီယံဟောင်းကြီး အောင်လရဲ့အရှုံးကို Lumpinee မှာ နှစ်ဆတိုး၍ ပျော်နိုင်ပါစေ။
ဘာပဲဖြစ်ဖြစ်ကိုယ့်ညီရေ
အားပေးဖို့အသင့်ပါ။