မြန်မာပြည်က ကျွန်တော့် ညီအစ်ကိုမောင်နှမတွေနဲ့တွေ့ဆုံရတာ ကျွန်တော် အရမ်းပျော်တယ်။အရမ်းလည်း ကျေးဇူးတင်ပါတယ်။ခုလို ပရိတ်သ_တ်တွေနဲ့တွေ့ဆုံ ရတာလည်း ကျွန်တော်အရမ်းပျော်တယ်။အရမ်းဝမ်းသာတယ်၊အရမ်းအားရတယ်။

ကျွန်တော်အားရတာက ဒီကမ္ဘာပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာပြည်က မြန်မာပြည်အတွက်ကစားပေးဖို့ရတဲ့အတွက် ကျွန်တော် အားရတယ်။ ကျွန်တော်အားပေးချင်တာက ဘယ်မှာပဲရောက်ရောက် ဘယ်နိုင်ငံမှာပဲ​ရောက်ရောက် ကျွန်တော်တို့ဘယ်သူလဲ, မြန်မာပြည်ကလူတွေဆိုတာ သိဖို့၊ ပြီးတော့ အားမငယ်ဖို့တိုက်တွန်းချင်တယ်။

ကျွန်တော်အခု ယှဉ်မယ့်သူက ရှုံးပွဲလုံးဝမရှိထားပါဘူး။ပွဲတိုင်းသူနိုင်တယ်။ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်မှာတော့ ကြောက်မှုလည်းမရှိဘူး။ သူ့ကိုကျွန်တော်ယှဉ်နိုင်စွမ်းရှိတယ်။သူ့ကိုလည်းနိုင်မယ်လို့ 100% ကျွန်တော် ယုံကြည်တယ်။သူလည်း ဒီလေပဲရှုတာပဲ ကျွန်တော်လည်း ဒီလေပဲရှုတာပဲ ဘာလို့မနိုင်ရမှာလဲ.. အဲဒါကျွန်တော့်ရဲ့စိတ်ထဲမှာထည့်ထားတယ်။

ကျွန်တော်တို့က အမေရိကကိုရောက်နေတာနော် ဒါပေမယ့် အမေရီကန်တွေမဟုတ်ဘူး။ဒီကိုရောက်နေပေမယ့် မြန်မာပြည်ဟာ ကျွန်တော်တို့အိမ်ပဲ။ ဒီကိုရောက်တဲ့အချိန်မှာကျွန်တော်တို့အရမ်းကြိုးစားရမယ်။ အမေရီကန်တွေကြိုးစားတာထက် ကျွန်တော်တို့ ပိုကြိုးစားရမယ်နော်။

အောင်လအန်ဆန်း

အမေရီကန်ရောက်မြန်မာပရိတ်သ_တ်တွေနဲ့
တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။