ရီးရဲမက်ဒရစ် ဆိုတာ ဖိအားတွေအောက်မှာ အရှုံေ-ပးသွားတတ်တဲ့အသင်းမျိုး မဟုတ်ဘူး ၊ လူတွေက ဒါကို ( ချန်ပီယံလိဂ်ဖလားအောင်ပွဲ ) ကံကောင်းတာလို့ ထင်နေကြတယ် ၊
ဒါက ကံတစ်ခုတည်းမဟုတ်ဘူး ၊ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ အများကြီး ပါတယ် ။ ဒီလိုအခိုက်အတန့်တွေ အတွက် သူတို့ ( ရီးရဲ ) ပြင်ဆင်လာခဲ့ကြတာ ။
ဘာနေဗျူးမှာဆိုရင် အခြားဘယ်မှာနဲ့မှ မတူတဲ့ အငွေ့အသက်တွေ အရှိန်အဝါတွေ ရှိနေတာ ၊ အသင်းကြီးတွေ ရောက်လာပြီဆိုတာနဲ့ ကွင်းထဲက စွမ်းအင်တွေက ခြားနားသွားတယ် ၊
ပြိုင်ဘက်က ဂိုးသွင်းနိုင်လိုက်တာနဲ့ ဖိအားက ရီးရဲ အပေါ်မှာ မရှိနေဘူး ၊ ဂိုးသွင်းလိုက်တဲ့ အသင်းအပေါ်မှာပဲ ရှိနေတာ ။
ဒီနှစ် ရီးရဲ က မနှစ်ကအသင်းထက် ပိုကောင်းမလားဆိုတာကတော့ ငါလည်း မပြောတတ်ဘူး ၊ အခု သူတို့မှာ ဘာပေ ရောက်လာပြီ ။
မနှစ်ကလိုပဲ တောင့်တင်းအားကောင်းနေဦးမယ်လို့ ငါထင်တယ် ။ ဒါပေမယ့် အတတ်ကြီးတော့ မပြောနိုင်ဘူး ၊ ဘုရားသခင်ပဲ သိမှာပဲလေ ။
ရီးရဲ က တကယ့်ထိပ်တန်း ကစားသမားတွေနဲ့ ထိပ်တန်းအသင်းပါ ၊ ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲကတစ်သင်းဆိုတာ အမှန်ပဲလေ ။
Cristiano Ronaldo