“ဒါဟာ ကျနော့်ရဲ့ နောက်ဆုံးအကြိမ် ဖြစ်နိုင်ပါတယ်။ စာချုပ်သစ်ကိစ္စနဲ့ ပက်သက်ပြီး ဘယ်သူကမှ ကျနော့်ဆီ လာကမ်းလှမ်းတာ မရှိသေးပါဘူး။ ဒါဟာ လီဗာပူးနဲ့အတူ အိုးထရပ်ဖို့ဒ်မှာ ကျနော်လာကစားတဲ့ နောက်ဆုံးအကြိမ် ဖြစ်နိုင်ပါတယ်။”
ဆာလားရဲ့ စာချုပ် မှတ်ချက်အပေါ် ဆလော့က “ဒီကိစ္စမှာ ‘အကယ်၍’ ဆိုတာတွေက အများကြီး ဖြစ်နေပါတယ်။ ဒီအချိန်မှာတော့ သူဟာ ကျနော်တို့ထဲက တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကျနော်တို့ထဲက တစ်ယောက် ဖြစ်နေတဲ့အတွက် တကယ် ပျော်ရွှင်မိပါတယ်။ သူဟာ အရမ်းကောင်းအောင် ကစားနေပါတယ်။ ကျနော် ကစားသမားတွေရဲ့ စာချုပ်အကြောင်း မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ performance အကြောင်းကိုတော့ ကျနော် နာရီနဲ့ချီပြီး ပြောနိုင်ပါတယ်။ ခင်ဗျားတို့ကော ဒါကို စိတ်ဝင်စားရဲ့လား?”
အာနာဆလော့ရဲ့ လက်အောက်မှာ တာထွက်ကောင်းနေတဲ့ မိုဆာလား
တစ်ဂိုးသွင်း တစ်ဂိုးဖန်တီး vs. Ipswich
တစ်ဂိုးသွင်း vs. Brentford
တစ်ဂိုးသွင်း ၂ဂိုးဖန်တီး vs. Man Utd
Three games, three goals, three assists
ဒါ့အပြင် မိုဆာလားဟာ အိုးထရပ်ဖို့ဒ်မှာ နောက်ဆုံး လာကစားထားတဲ့ 7 ပွဲစလုံး ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။