ခင်ဗျားတို့သေချာလို့လား ၊ ကျနော်က အက်လိုမထင်ဘူးနော် ၊ နည်းပြပိုင်းက ပြဿနာရှိနေတယ်ဆိုရင်
ကျုပ်တို့ဖလားတွေ ၂လုံးတောင်ရမှာမဟုတ်ဘူးဗျ ၊ ခင်ဗျားတို့ သိထားရမှာက အသင်းကြီး (၆)သင်းထဲမှာ မန်စီးတီးပြီးရင်
ကျုပ်တို့ကဖလားအများဆုံးရထားတယ်ဆိုတာဘဲ ၊ ရာသီကုန်ရင် ကြည့်လိုက်ပါ ကျူပ်တို့ ဆုဖလားတွေရဖို့ တိုက်ပွဲဝင်နေတယ်ဆိုတာ ခင်ဗျားတို့ ကျိန်းသေပေါက်တွေ့ရမှာပါ ။
- တန်ဟက် ( မန်ယူ ၀-၃ လီပါပူးလ် ) ပွဲပြီးအင်တာဗျူးကောက်နုတ်ချက်
ဘရူနိုဖာနန်ဒက်စ်က “ကျနော်တို့ ဒီပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူးကို ဂုဏ်ပြုချင်ပါတယ်။ သူတို့ဟာ အဆုံးသတ်ပိုင်းမှာ ပိုမို တိကျခဲ့ပါတယ်။
ကျနော် အချက်အလက်တွေ အကြောင်း မပြောချင်ပါဘူး။ ဒါပေမယ့် ဒီပွဲဟာ အတော်လေး ခြေညီခဲ့ပါတယ်။”
ရွိုင်ကိန်းက “ဒီပွဲဟာ လုံးဝကို ခြေရည်မတူပါဘူး။ လီဗာပူးသာ အရမ်း အရမ်းကို ကောင်းခဲ့ပါတယ်။
သူတို့ရဲ့ ကစားပုံက ထက်မြက်မှုရှိပြီး ကြံ့ခိုင်မှုပိုင်းလည်း ပိုကောင်းနေတဲ့ ပုံစံမျိုးပါ။ ယူနိုက်တက်ကတော့ အံ့အားသင့်စရာပါပဲ။”