“အင်္ဂလန်ဟာ ပထမပိုင်းမှာ လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ကစားဟန်တွေကို ချီးကျူးခဲ့ကြပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပြောင်းပြန်ပါပဲ။ သူတို့ဟာ ဒုတိယပိုင်းမှာ အတော်ဆိုးခဲ့ပါတယ်။ ကစားသမားတွေဟာ တစ်ကိုယ်ကောင်း ကစားနေကြပြီး ဘောလုံးထိချက်တွေ အများကြီးနဲ့ ဆရာကြီးစတိုင် ကစားဖို့ ကြိုးစားခဲ့ကြပါတယ်။

အခြေခံအချက်တွေကို ကိုင်ကာ အိုင်ယာလန်ကို လှုပ်မရအောင် မကစားနိုင်ခဲ့ပါဘူး။ ဒါပေမ့ယ် အိုင်ယာလန်ဟာ ဒုတိယပိုင်းမှာ ဂုဏ်ယူစရာ ကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ အင်္ဂလန်တို့ တအားကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာမှာတော့ တအား ဆိုးခဲ့ပါတယ်။

ကစားသမားတွေ တစ်ကိုယ်ကောင်းဆန်ဆန် ကစားခဲ့ပါတယ်။ လူစား၀င်ကစားသမားတွေ တောင်မှ ကိုယ့်ကိုကိုယ်

စိတ်ကြီး၀င်နေတဲ့ ပုံစံမျိုး ကစားခဲ့ပါတယ်။ သူတို့ အခြား အသင်းကောင်းတွေနဲ့ဆို မလွယ်ပါဘူး။” လို့ ဝေဖန်လိုက်ပါတယ်။