အာဒိုဂန် က ဒီပွဲမှာ ထိုးကြေး ဖဲ့ပေးချင် ပေးရပါစေ ၊ ချန်ပီယံ ခါးပတ် စိန်ခေါ်ခွင့်ရဖို့ အဓိကလို့ ဦးတည်ထားဟန် ရှိပါတယ်။ ဒါ့ကြောင့် ကတ္တားပေါ်တောင် ဝိတ်တက်ချိန်တာမျိုး မရှိပါဘူး။

အောင်လ ကတော့ ကြိုးစားပေမယ့် ၊ ဝိတ်တန်းကို မဝင်တာပါ။

ကန့်လန့်ကာ နောက်ကွယ်မှာ မည်သို့ မည်ပုံ ညှိလိုက်ကြသည် မသိ ၊ ပွဲက Catchweight (213.75 lbs) ပေါင် မှာ ဖြစ်သွားပါတယ်။

ONE Championship ရဲ့ ပေါ်လစီ အရ Hydration Test က ဦးစားပေး ဖြစ်လို့ ၊ သတ်မှတ်ထားတဲ့ 1.025 အတွင်း ဝင်အောင် လုပ်ရပါတယ်။

အောင်လ က 1.0107 နဲ့ Hydration Test ဝင်ပါတယ်။ အဲဒီ အချိန်မှာ ဘော်ဒီဝိတ်က ပေါင် 210 ဖြစ်သွားပါတယ်။

အာဒိုဂန် က 1.004 နဲ့ Hydration Test ဝင်ပါတယ်။ အဲဒီ အချိန်မှာ သူ့ ဘော်ဒီဝိတ်က 213.75 ပေါင် ပါ။

အောင်လ အနေနဲ့ မစ်ဒယ်ဝိတ်တန်း အတွင်း ဝင်အောင် လုပ်နိုင်ခဲ့ရင် ထိုးကြေး ခွဲတမ်း ရမှာပါ။ ဒါပေမယ့် သူကလဲ မဝင်တော့ ဘာထိုးကြေးမှ နှစ်ယောက်စလုံး ပေးစရာ မလိုပဲ ဖြစ်ကုန်ပါတယ်။

ONE Championship က တရားဝင် ထုတ်ပြန်ချက်မှာတော့ ဒီတွဲဆိုင်း နဲ့ ပတ်သက်လို့ ဘယ်သူ့ က ဘယ်သူ့ကို ထိုးကြေး ခွဲပေးလိုက်ရတယ် ဆိုတာ ဖော်ပြ မထားပါဘူး။

အဲဒီတော့ နဂို ကတည်းက ညဏ်များပြီး ဝိတ်ပိုချင်နေတဲ့ အာဒိုဂန် အသာစီး ရသွားတယ်လို့ ပြောနိုင်ပါတယ်။

ပွဲက မနက်ဖြန် စနေနေ့ မနက် (စက်တင်ဘာ 7 ရက် ) မြန်မာစံတော်ချိန် 9 နာရီ ဝန်းကျင် လောက် ဖြစ်မယ် ထင်ပါတယ်။